top of page

လက်လှမ်းလို့ မမီ့တမီ - ခြုံငုံသုံးသပ်ချက်

Updated: May 20

မြန်မာ့အရပ်ဘက်အဖွဲ့အစည်းများ ရန်ပုံငွေရရှိမှု ခြုံငုံသုံးသပ်ချက်စာတမ်းမှာ ဘာတွေ ဆွေးနွေးထားသလဲ


a bridge supported by two hands and a frog beside it

တစ်စထက်တစ်စ ရှုပ်ထွေးလာပြီး ထိလွယ်ရှလွယ် မြန်မာ့အခင်းအကျင်းမှာ ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေဟာ (အလှူရှင်တွေရဲ့ အလိုဆန္ဒအရ) အများပြည်သူအတွက် ဝန်ဆောင်မှုမျိုးစုံနဲ့ အကောင်အထည်ဖော်ရုံသက်သက် မဟုတ်ကြပါဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေဟာ အရေးကြုံတဲ့ အရပ်ဒေသကိုယ်စီမှာ ဖြေရှင်းတုံ့ပြန်နေကြတယ်။ မဟာဗျူဟာကျကျ ဦးဆောင်နေကြတယ်။ အပြောင်းအလဲကောင်းတွေ ဖြစ်လာဖို့ စေ့ဆော်နေကြပါတယ်။


ပြည်တွင်းဦးစီးဦးဆောင်မှုအတွက် ပိုထိရောက်ဖို့ နိုင်ငံတကာအလှူရှင်တွေက ကမ္ဘာနဲ့ချီပြီး ကတိကဝတ်တွေ ဘယ်လိုပေးပေး၊ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှု၊ ကြံ့ကြံ့ခံရပ်တည်မှုနဲ့ ရပ်ရွာလူ့အသိုင်းအဝိုင်းတွေကြား ရေရှည်တည်တံ့တဲ့ သက်ရောက်မှုတွေ ပေါ်ပေါက်လာဖို့ ကြိုးပမ်းကြရာမှာ အခက်အခဲ အတားအဆီး ထုနဲ့ထည်နဲ့ ဆက်ရင်ဆိုင်ရဆဲပါပဲ။


၂၀၂၅ ခုနှစ် မေလ ၁၄ ရက်နေ့မှာတော့ မြန်မာ့အရပ်ဘက်အဖွဲ့အစည်းစင်တာကနေ “လက်လှမ်းလို့ မမီ့တမီ - မြန်မာ့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများအတွက် အရည်အသွေးကောင်း ရန်ပုံငွေများ အမှန်တကယ်ရရှိရေး” (Beyond Access: Ensuring Quality Funding for Myanmar’s Local CSOs) စာတမ်းကို ထုတ်ဝေဖြန့်ချိနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ သတင်းကောင်းပါးလိုပါတယ်။


နိုင်ငံတကာ အလှူရှင်တွေ၊ ကြားခံအဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးရေးကဏ္ဍမှာ လှုပ်ရှားဆောင်ရွက်နေသူတွေ အနေနဲ့ လက်ရှိ ရန်ပုံငွေပံ့ပိုးနေတဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ ပြည်တွင်းခေါင်းဆောင်နိုင်မှုကို အားကောင်းခိုင်မာစေသလား၊ ယိုင်နဲ့စေသလားဆိုတာ တွေးချင့်ချိန်နိုင်စေကြဖို့ အသစ်စက်စက် ဒီစာတမ်းက နှိုးဆော်ထားပါတယ်။


ပြည်တွင်းက ထိုးထွင်းရှုမြင်မှုတွေနဲ့ အင်စတီကျူးရှင်းအတွေ့အကြုံတွေအရ (လုံလောက်၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်၊ ကာလရှည်စိတ်ချရ၊ ပြည်တွင်းက ဦးစားပေးလိုအပ်ချက်တွေနဲ့ ကိုက်ညီ စတဲ့) အရည်အသွေးတွေနဲ့ ကိုက်ညီပြည့်ဝတဲ့ ရန်ပုံငွေတွေကသာ ရေရှည်တည်တံ့တဲ့ ရလဒ်သက်ရောက်မှုတွေကို ဆောင်ကြဉ်းပေးနိုင်တယ်ဆိုတာ ဒီစာတမ်းမှာ အသားပေး ဖော်ပြထားပါတယ်။


“လုပ်ထုံးလုပ်နည်းလေးတွေ ပြောင်းလိုက်ရုံနဲ့ အရည်အသွေးပြည့် ရန်ပုံငွေ ဖြစ်မသွားပါဘူး။ ယုံကြည်စိတ်ချမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အတူတကွ ဦးဆောင်ဦးရွက် အားထုတ်မှုတွေ လိုတယ်။ မူဝါဒတွေ စနစ်တွေနဲ့ချီတဲ့ အပြောင်းအလဲမျိုး၊ ထိတွေ့ပူးပေါင်းဆောင်ရွက်မှုပေါ် ‌အခြေခံတဲ့ အပြောင်းအလဲတွေ ရှိဖို့လိုတယ်” တဲ့။

စာတမ်းမှာ တင်ပြထားတဲ့ အနက်အဓိပ္ပါယ်အတိုင်း တိတိကျကျ နားလည်နိုင်ဖို့ မူရင်း အင်္ဂလိပ်ဘာသာနဲ့ စာတမ်းအပြည့်အစုံ ဒီမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။


မြန်မာနိုင်ငံမှာ ပြည်တွင်းဦးစီးဦးဆောင်မှုနဲ့ အရပ်ဘက်ကဏ္ဍ ကြံ့ကြံ့ခံနိုင်မှုတို့အတွက် သန္နိဋ္ဌာန်ပြု လုပ်ကိုင်နေကြတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်အဖွဲ့အစည်းတွေအားလုံးကိုလည်း ဒီစာတမ်းမှာ တင်ပြထားတဲ့ ထိုးထွင်းရှုမြင်ချက်တွေကို မြည်းစမ်းဖတ်ရှုကြည့်ကြပါ။ ပြီးတော့လည်း ပြည်တွင်းခေါင်းဆောင်မှုကို မယိုင်မနဲ့စေဘဲ အားကောင်းသထက်ကောင်းလာစေမယ့် ရန်ပုံငွေရရှိမှု အခွင့်အလမ်းတွေ ဖြစ်လာဖို့ တက်ညီလက်ညီ ပူးပေါင်းလုပ်ကိုင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

4 Comments


Guest
May 21

မြန်မာလိုလေး ဘယ်လိုဖတ်လို့ရမလဲဗျ

Like

Guest
May 20

ကျေးဇူးပါရှင့်။

Like

Guest
May 20

မြန်မာဘာသာနဲ့လည်း တင်ပါ။အားရပါးရ ဖတ်လို့ရတာပေါ့လေ။

Like

Guest
May 20

ဖတ်ကြည့်ပါဦးမယ်။

Like
bottom of page