ဘယ်သူတွေလဲ၊ ဘာတွေလုပ်လဲ
သမိုင်းတလျှောက် သူ့အလိုလိုပေါ်လာတဲ့အလှည့်အပြောင်း အင်မတန်ရှားပါတယ်။ ကောင်းမွန်ပြီး လိုလားအပ်တဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ မဆုတ်မနစ်ခရီးဆက်ရာမှာ စိတ်ရှည်ဇွဲသန်စွာ ဆောင်ရွက်ကြသူတွေရော၊ သူတို့ရဲ့ မဟာဗျူဟာကျကျ အားထုတ်ဆောင်ရွက်မှုတွေကပါ အရေးကြီးပါတယ်။

နိုးကြားပါဝင်သူတွေရဲ့စုဖွဲ့မှု
ပြည်တွင်းစစ်၊ စစ်အာဏာရှင်စနစ်တို့နဲ့ ယှဉ်တွဲနေတဲ့ မြန်မာ့ပြည်သူတွေဟာ ခေတ်အဆက်ဆက် လူ့အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ရတယ်။ ဒီမိုကရေစီရောင်နီသမ်းခဲ့တဲ့ နှစ်တွေမှာ အများအပြား ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာလည်း အကျဉ်းအကြပ်ထဲက တတ်နိုင်သမျှ ဆက်ရုန်းကန် လှုပ်ရှားကြဆဲပါ။ စင်တာဟာ အဲဒီ အဖွဲ့အစည်းတွေက နိုးကြားပါဝင်သူ နိုင်ငံသားတွေရဲ့ စုဖွဲ့မှုဖြစ်ပါတယ်။
မျှော်မှန်းချက်
ပြည်သူ့ နိုးကြားပါဝင်မှု အားကောင်းမောင်းသန်ရှိရေးမှသည်
တရားမျှတသည့် ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်းသို့...
ဘာတွေလုပ်လဲ
နိုးကြားတဲ့နိုင်ငံသားတွေနဲ့ အစုအဖွဲ့တွေရဲ့ စွမ်းပကားကို မြှင့်တင်တာ၊ ညီညီညွတ်ညွတ်နဲ့ အကျိုးရလဒ်ကောင်းတွေ ဖော်ဆောင်တာ၊ အခင်းအကျင်းကောင်းတွေ ဖန်တီးတာဟာ စင်တာရဲ့ မဟာဗျူဟာချဉ်းကပ်မှုပါပဲ။ ဒါတွေအတွက် အောက်ပါလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

