top of page

လက်လှမ်းလို့ မမီ့တမီ

Briefing

၁၄ မေ ၂၀၂၅

၆၈၀ KB

ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေဟာ အများပြည်သူအတွက် ဝန်ဆောင်မှုမျိုးစုံကို အလှူရှင်ဆန္ဒအရ အကောင်အထည်ဖော်ရုံ မဟုတ်ဘဲ နယ်ပယ်စုံမှာ မဟာဗျူဟာကျကျ ဦးဆောင်နိုင်ကြဖို့ဆိုရင် ရင်ဆိုင်ရမယ့် အခက်အခဲတွေထဲမှာ ရန်ပုံငွေ လက်လှမ်းမီမှုလည်း ပါဝင်နေပါတယ်။ မြန်မာ့အရပ်ဘက်အဖွဲ့အစည်းစင်တာကနေ ၂၀၂၅ ခုနှစ် မေလ ၁၄ ရက်နေ့မှာ ထုတ်ဝေပြီး (အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့) ဒီစာတမ်းမှာ လက်ရှိရန်ပုံငွေစနစ်တွေရဲ့ လစ်ဟာမှုတွေနဲ့ ထည့်သွင်းစဉ်းစားရမယ့် အဆင့်သုံးခုကို တင်ပြထားပါတယ်။ ဒါ့အပြင် ဒီစာတမ်းမှာ လုံလောက်၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်၊ ကာလရှည်စိတ်ချရ၊ ပြည်တွင်းက ဦးစားပေးလိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ အရည်အသွေးတွေနဲ့ ကိုက်ညီပြည့်ဝတဲ့ ရန်ပုံငွေတွေက အရေးကြီးကြောင်း နိုင်ငံတကာ အလှူရှင်တွေ၊ ကြားခံအဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးရေးကဏ္ဍမှာ လှုပ်ရှားဆောင်ရွက်နေသူတွေကို နှိုးဆော်ထားပါတယ်။

bottom of page