top of page

The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၁၇

The Analyst

၂၄ စက်တင်ဘာ ၂၀၂၅

၁.၀၇ MB

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ - ၁၅ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -

  • မြန်မာမှ မြေရှားသတ္တုရရှိရေး အိန္ဒိယက KIA နှင့် ထိတွေ့

  • NDF အပါအဝင် နိုင်ငံရေးပါတီ လေးပါတီကို UEC ဖျက်သိမ်း

  • တော်လှန်ရေးအလှည့်အပြောင်း ဖန်တီးရန် ဟန်ချက်ညီ စစ်ဆင်ရေး ပြင်ဆင်နေ ဟုဆို

  • ဗန်းမောက်၌ တော်လှန်ရေးတပ်များ မြို့သိမ်း တိုက်ပွဲစတင်


စသဖြင့် သတင်းပေါင်း ၂၃၈ ပုဒ်ကို ကိုးကားထားပါတယ်။ စစ်အုပ်စုကို တရုတ်ရဲ့ ကျားကန်ပေးမှုက တနေ့တခြား အင်အားကြီးမားလာချိန်မှာ ယနေ့အချိန်အထိ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်သေးတဲ့ တော်လှန်ရေးအင်အားစုများ၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဆာလောင်မွတ်သိပ်မှုဒဏ်ကို အပြင်းထန်ဆုံး ရင်ဆိုင်နေရတဲ့ နိုင်ငံတွေအနက် ပဉ္စမမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ၊ ရွေးကောက်ပွဲဝင်ဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီး ခြောက်ဦးနဲ့ ဗိုလ်ချုပ် ၁၀ ဦးကို တပ်က အနားပေးလိုက်တဲ့ စစ်ကော်မရှင်။ စသဖြင့် အဖြစ်အပျက် များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။

bottom of page