
The Analyst သတင်းလွှာ အတွဲ ၅၊ အမှတ် ၅
The Analyst
၅ ဧပြီ ၂၀၂၆
၈၉၈ KB
၂၀၂၆ ခုနှစ်၊ မတ်လ ၁ - ၁၅ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်/ကျဥ်း အားလုံး ပြန်လွှတ်ရန် EU တောင်းဆို
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲ
TNLA နယ်မြေသို့ ကုန်စည် သယ်ယူပို့ဆောင်ခွင့် MNDAA ပိတ်
ရခိုင်တွင် AA အကျဉ်းစခန်းကို စစ်တပ်က ဗုံးကြဲ၊ စစ်သုံ့ပန်းနှင့် အကျဉ်းသား ၁၁၆ ဦး သေ
စသဖြင့် သတင်းပေါင်း ၂၂၃ ပုဒ်ကို ကိုးကားထားပါတယ်။ တတိတိလွဲချော်နေတဲ့ နွေဦးတော်လှန်ရေး ရည်မှန်းချက် တွေကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ စစ်တပ်ကျောရိုးပြုအစိုးရ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုလာတဲ့ ဥရောပ သမဂ္ဂ၊ ပြည်တွင်းစစ်ကို တကယ် ငြိမ်းချမ်းစေနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုရင် စစ်ကော်မရှင်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ KIO၊ အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
