
လမ်းဆုံလမ်းခွရောက် လူသားချင်းစာနာရေး အကူအညီများ
Articles
၂၉ ဇွန် ၂၀၂၆
၂၆၅ KB
မြန်မာ့အရပ်ဘက် အဖွဲ့အစည်းစင်တာကနေ ဘာသာပြန်ဆိုမျှဝေထားတဲ့ “ဘောင်ဝင်တန်းဝင်ဖြစ်မှု လမ်းဆုံလမ်းခွရောက် လူသားချင်းစာနာရေး အကူအညီများ” ဆောင်းပါးမှာ လူသားချင်းစာနာမှုစံနှုန်းတွေနဲ့ မြေပြင်က နိုင်ငံတကာကူညီပံ့ပိုးမှုတွေကြား အလှမ်းမကွာဖို့ ပြန်တွေးချင့်ချိန်စရာတွေကို ဖော်ပြထားပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာရေး အကျပ်အတည်းဟာ ရန်ပုံငွေနည်းပါးမှုကိစ္စသက်သက် မဟုတ်ဘူး၊ ဘောင်ဝင်တန်းဝင်ဖြစ်မှု၊ တရားမျှတမှု၊ တာဝန်ခံမှုနဲ့ ပြည်တွင်းက ကိုယ်စွမ်းဉာဏ်စွမ်းတွေကို လက်ခံမှုတွေနဲ့ပါ သက်ဆိုင်ကြောင်း မူရင်းဆောင်းပါးရှင်တွေက ငြင်းခုံကြပါတယ်။ လူသားချင်းစာနာရေး လက်တွေ့လုပ်ဆောင်ချက်တွေဟာ လတ်တလော အရေးပေါ်ကိစ္စတွေကို တုံ့ပြန်နိုင်ရုံသာမက လူပီသစွာ စာနာရေး၊ ကူညီပံ့ပိုးမှု တရားမျှတရေး၊ ရေရှည်ချဉ်းကပ်ပုံတွေကို ပြန်တွေးခေါ်ဆန်းစစ်ကြည့်ဖို့ နှိုးဆော်ကြပါတယ်။ ဒီဆောင်းပါးကို ဖတ်ရှုပြီး လူသားချင်းစာနာရေး ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ ခေတ်ပြိုင် နိုင်ငံတကာဆွေးနွေးငြင်းခုံမှုတွေ အကျွမ်းတဝင်ရှိခြင်းအားဖြင့် ရှုပ်ထွေးတဲ့ မူဝါဒရေးရာ အငြင်းအခုံတွေကို ပြည်တွင်းအခင်းအကျင်းတွေနဲ့ စပ်ဆက်နားလည်ဖို့၊ လူသားချင်းစာနာရေး၊ စီမံကိုင်တွယ်မှုစနစ်တွေအပေါ် အများသူငါကြား သုံးသပ်ပြောဆိုမှုတွေ တွင်ကျယ်လာဖို့ ရည်ရွယ်မျှဝေပါတယ်။
