
The Analyst သတင်းလွှာ အတွဲ ၅၊ အမှတ် ၁၂
The Analyst
၂၁ ဇူလိုင် ၂၀၂၆
၇၈၄ KB
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ - ၃၀ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -
ပဋိပက္ခများ အဆုံးသတ်ရေး သက်ဆိုင်သူအားလုံးနှင့် ကန် ထိတွေ့ဆက်ဆံမည်
မြစ်ဆုံစီမံကိန်းကို ရှစ်နှစ်အတွင်း အပြီးဆောက်မည်ဟု စစ်အုပ်စုဆို
ဗုံးကြဲ၍ ငြိမ်းချမ်းရေး ဖိတ်ခေါ်လျှင် ကျည်ဆန်ဖြင့်သာ တုံ့ပြန်ရန်ရှိဟု AA ပြော
Mi-17 ရဟတ်ယာဉ်ကို PDF များ ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီး
စသဖြင့် သတင်းပေါင်း ၂၂၇ ပုဒ်ကို ကိုးကားထားပါတယ်။ စစ်အုပ်စုက သံတမန်ရေးကို အသုံးချပြီး အာဆီယံနဲ့ ကုလမှာ နေရာပြန်လည်ရရှိဖို့ ကြိုးပမ်းနေချိန်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ SCEF က ဘာတွေ လုပ်ပြနိုင်မလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိရေး အာဆီယံအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်ကို အကြိမ်ကြိမ် ပယ်ချနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်ဟာ ဘယ်လို အဓိပ္ပါယ် ဆောင်လေသလဲ။ PDF တပ်ရင်းမှူး ပစ်သတ်ခံရမှု၊ ပလဖ စခန်းတွေ စီးနင်းတိုက်ခိုက်ခံရမှု အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း သွေးထွက်သံယို ဖြစ်စဉ်တွေက အညာဒေသရဲ့ ခုခံကာကွယ်စစ်အပေါ် သက်ရောက်မှု ရှိလာနိုင်မလား။ အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
