top of page

The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၂

The Analyst

၁၁ ဖေဖော်ဝါရီ ၂၀၂၅

၉၇၁ KB

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ - ၃၁ အတွင်း အဖြစ်အပျက်များစွာထဲမှာ -

  • ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နိုင်ငံတကာပုဂ္ဂိုလ်များ တောင်းဆို

  • ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ နေပြည်တော်သို့ ပြောင်းရွှေ့မည်

  • လားရှိုးမြို့မှ MNDAA တပ်များ ဇွန်လကုန် မတိုင်မီ ဆုတ်ခွာရမည်

  • မြောက်ဦးရှိ စစ်သုံ့ပန်းအချုပ်စခန်းကို စစ်ကောင်စီတပ် ဗုံးကြဲ၊ ၂၈ ဦး သေဆုံး


စသဖြင့် သတင်း ၂၂၅ ပုဒ်ကို ကိုးကားထားပါတယ်။ တစ်ရစ်ပြီး တစ်ရစ် တင်းကျပ်လာတဲ့ စစ်ကောင်စီရဲ့  စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ဖို့ ပြေးစရာ မြေမရှိ၊ ရှောင်လွှဲစရာ ‌ငွေမရှိ၊ စစ်တလင်းသာ ရှိနေတဲ့ ကူညီရာမဲ့ ကျောမွဲလူငယ်တွေ၊ ထိုင်း-မြန်မာနယ်စပ်က ကျားဖြန်လုပ်ငန်းတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ ထိုင်းနဲ့ မြန်မာ အပါအဝင် အာဆီယံ နိုင်ငံတွေကို တွန်းတိုက် ဖိအားပေးလာတဲ့ တရုတ်၊ ပအဖ၊ ပကဖ၊ ပလဖ ဆိုတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ မကောင်းသတင်း တွေ ထွက်ပေါ်လာချိန်မှာ ၂၀၂၅ မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်လို့ ကြွေးကြော်လိုက်တဲ့ NUG။ စသဖြင့် အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ်တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။

bottom of page