
The Analyst သတင်းလွှာ အတွဲ ၅၊ အမှတ် ၃
The Analyst
၂၇ ဖေဖော်ဝါရီ ၂၀၂၆
၉၀၁ KB
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ - ၁၅ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -
မြန်မာစစ်တပ်ကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုမှု တီမော လက်ခံအမှုဖွင့်
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေ စစ် ခေါင်းဆောင် ပြဋ္ဌာန်း
NUG နှင့် စကားပြောရန် ဆန္ဒရှိ၊ မရှိ KIA က စစ်အုပ်စုထံ မေးမြန်း
ကယား၊ ဖားဆောင်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်
စသဖြင့် သတင်းပေါင်း ၂၄၆ ပုဒ်ကို ကိုးကားထားပါတယ်။ နွေဦးတော်လှန်ရေး အဆုံးအဖြတ်တိုက်ပွဲအတွက် စစ်ရေး အရှိန်မြှင့်တင်ဖို့ ဆွေးနွေးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးကြီး များအစည်းအဝေး၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တင်သွင်းခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အကြီးတန်း အစိုးရရှေ့နေတစ်ဦးကို ခန့်အပ်လိုက်တဲ့ တီမောလက်စ်တီ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အသုံးပြုခဲ့တဲ့ မဲစာရင်းတွေ၊ ဆန္ဒမဲလက်မှတ်တွေ၊ ရွေးကောက်ပွဲ ဆိုင်ရာမှတ်တမ်းတွေကို မီးရှို့ဖျက်ဆီးလိုက်တဲ့ စစ်ကော်မရှင်။ အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
