
The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၁၂
The Analyst
၉ ဇူလိုင် ၂၀၂၅
၁.၀၄ MB
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ - ၃၀ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် နိုင်ငံတကာသံရုံးများ တောင်းဆို
ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံဖြစ်ရေး စစ်ကောင်စီကြိုးပမ်း
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်း
ကချင်၊ ဖားကန့်တိုက်ပွဲ၌ စစ်ကောင်စီ ဗိုလ်မှူးအပါအဝင် ၂၀ ကျော် သေ
စသဖြင့် သတင်း ၂၂၈ ပုဒ်ကို ကိုးကားထားပါတယ်။ မြေပြင်စစ်ကြောင်းထိုးမှုမှာ အင်အားကြီးလာပြီး လေကြောင်း၊ နည်း ပညာမြင့်ဒရုန်း၊ စက်တပ်လေထီးနဲ့ လက်နက်ကြီးတို့ကို အချိတ်အဆက်မိမိ ပေါင်းစပ် အသုံးပြုလာနေတဲ့ စစ်ကောင်စီ၊ သီးသန့်ဒီဇိုင်းရေးဆွဲထားတဲ့ လေကြောင်းကာကွယ်ရေး အမိန့်ပေးစနစ်တစ်ခုကို မြန်မာစစ်ကောင်စီထံ ရောင်းချထားတဲ့ ဘီလာရုစ် အစိုးရ၊ NLD နဲ့ ဒီမိုပါတီတွေ မပါဝင်နိုင်တဲ့ ဟန်ပြရွေးကောက်ပွဲတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်။ စသဖြင့် အဖြစ်အပျက် များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
