top of page

The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၁၀

The Analyst

၇ ဇွန် ၂၀၂၅

၁.၀၂ MB

၂၀၂၅ ခုနှစ်၊ မေလ ၁၆ - ၃၁ အတွင်း အဖြစ်အပျက်များစွာထဲမှာ -

  • ကုလ၏ ရခိုင်စင်္ကြံအစီအစဉ် ဘင်္ဂလားဒေ့ရှ် နောက်ပြန်ဆုတ်

  • ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် စစ်ခေါင်းဆောင် ပြင်ဆင်နေ ဟုဆို

  • စစ်ကောင်စီ စပိုင် ခုနစ်ဦးကို MDY-PDF စစ်ဆေး ဖော်ထုတ်

  • ဗန်းမော်တွင် ရဟတ်ယာဉ်နှစ်စီးကို KIA ပစ်ခတ်ရာ တစ်စီး ပျက်ကျ


စသဖြင့် သတင်း ၂၃၆ ပုဒ်ကို ကိုးကားထားပါတယ်။ မကြာမီ နေပြည်တော်ကို လာရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ကို စစ်ကောင်စီထံပေးအပ်မယ်၊ တုံ့ပြန်ချက်ကို စောင့်ဆိုင်းမယ်လို့ ပြောဆိုလာတဲ့ အာဆီယံ ဥက္ကဋ္ဌ မလေးရှား၊ ရခိုင်ပြည်နယ်က လုံခြုံရေးဆိုင်ရာ အစည်းအဝေးတွေနဲ့ တခြား အရေး ကြီး အစည်းအဝေးတွေမှာ ရခိုင်လူမျိုး ပြည်နယ်ဝန်ကြီးတွေကို တက်ရောက်ခွင့် ကန့်သတ်လိုက်တဲ့ စစ်ကောင်စီ၊  ရခိုင်ပြည်သူတွေကို အကြပ်အတည်းနဲ့ ကြုံတွေ့စေပြီး လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကင်းကွာနေတယ်လို့ အဝေဖန် ခံနေရတဲ့ အာရက္ခတပ်တော် (AA) ရဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက်။ စသဖြင့် အဖြစ်အပျက် များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။

bottom of page