The Analyst သတင်းလွှာ အတွဲ ၂၊ အမှတ် ၂၁
The Analyst
၂၄ နိုဝင်ဘာ ၂၀၂၃
၉၃၂ KB
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ - ၁၅ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီအပေါ် တရုတ်သဘောထား ပြောင်းဖွယ်ရှိ
၁၀၂၇ စစ်ဆင်ရေးတွင် စစ်သားနှင့် ရဲ ၂၀၀ ကျော် လက်နက်ချ
တစ်နိုင်ငံလုံးအနှံ့ စစ်ဆင်ရေး ဆင်နွှဲမည်ဟု မြောက်ပိုင်း သုံးဖွဲ့ထုတ်ပြန်
ကောလင်းမြို့ကို လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်
စသဖြင့် သတင်းပေါင်း ၂၅၁ ပုဒ်ကို ကိုးကားထားပါတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ မီးခဲဖင်ခုထိုင်နေရသလို ဖြစ်နေတဲ့ စစ်ရေးချိန်ခွင်လျှာ အခြေအနေက စစ်အာဏာရှင်အမြစ်ဖြတ်ရေး ပန်းတိုင်အထိ ရောက်ရှိလာနိုင်မလား၊ ရခိုင်မှာ စစ်မျက်နှာဖွင့်လိုက်တဲ့ ရက္ခိုင့်တပ်တော်ကြောင့် “တစ်သံတည်း ညီ၊ တစ်ချီတည်း ရုန်း” သရုပ်သကန် ပိုပီပြင်လာ ပြီလား၊ အနာဂတ်နိုင်ငံတော်အတွက် အစုအဖွဲ့ အသီးသီးရဲ့ နိုင်ငံရေးဆန္ဒတွေကို ဘယ်လို ညှိနှိုင်းဆွေးနွေးကြမလဲ၊ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ်တစ်ကြိမ်ထုတ် သတင်းလွှာဖြစ်ပါတယ်။