
The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၆
The Analyst
၁၂ ဧပြီ ၂၀၂၅
၁.၀၂ MB
၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ - ၃၁ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
ARSA ခေါင်းဆောင် အာတာအူလာ ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
တရားသောစစ်ကို ဆက်တိုက်မည်ဟု စစ်ခေါင်းဆောင် ဆို
ငလျင်ဘေး ကူညီရန် NUG က နှစ်ပတ်ကြာ ထိုးစစ် ရပ်နား
မိုးညှင်းတွင် စစ်ကောင်စီ ဗုံးကြဲ၊ စစ်ပညာသင်တန်း တက်မည့် PDF လူငယ် ၃၈ ဦး ကျဆုံး
စသဖြင့် သတင်း ၂၄၉ ပုဒ်ကို ကိုးကားထားပါတယ်။ ငလျင်ဘေးကို အရင်းပြုပြီး နိုင်ငံတကာရဲ့ ကရုဏာသက်မှုက တဆင့် အာဏာတရားဝင်ရေး နိုင်ငံရေးအမြတ်ထုတ်နေတဲ့ စစ်ကောင်စီ၊ စစ်ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူ အားပေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်တဲ့ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အငြိမ်းစား စစ်တပ်အရာရှိတွေ၊ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင် နေရတဲ့ ထောင်သောင်းချီတဲ့ ပြည်သူတွေ၊ စသဖြင့် အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
