top of page

The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၁၈

The Analyst

၉ အောက်တိုဘာ ၂၀၂၄

၁.၀၆ MB

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ - ၃၀ အတွင်း အဖြစ်အပျက်များစွာထဲမှာ -

  • စစ်ကောင်စီကို ဆန့်ကျင်သည့် နိုင်ငံရေး၊ စစ်ရေးအတိုက်အခံများကို အိန္ဒိယ ဖိတ်ကြား

  • လက်နက်ကိုင် လမ်းစဥ်ကိုစွန့်၍ ပါတီထောင် ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီ ကမ်းလှမ်း

  • မြန်မာ့အရေးတွင် ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ပြေလည်မှုမရနိုင်ဟု NLD ပြော

  • စစ်တပ် နိုင်ငံရေးက အပြီးထွက်မှ တွေ့ဆုံဆွေးနွေးမည်ဟု တော်လှန်ရေးအင်အားစုများ တုံ့ပြန်


စသဖြင့် သတင်း ၂၄၄ ပုဒ်ကို ကိုးကားထားပါတယ်။ တာဝန်ပြီးဆုံးသွားတဲ့ သံအမတ်နေရာမှာ သံအမတ်အသစ် ထပ်မံမစေလွှတ်ဘဲ စစ်ကောင်စီနဲ့ သံတမန် ဆက်ဆံရေး အဆင့်လျှော့ချလိုက်တဲ့ ဂျပန်အစိုးရရဲ့ လုပ်ရပ်၊ ကမ္ဘောဒီးယား၊ မလေးရှားအပါအဝင် နိုင်ငံတကာရဲ့ ကုလစင်မြင့်ထက်က မြန်မာ့အရေး ပြောဆို ဆွေးနွေးမှုတွေ တကယ် အလုပ်ဖြစ်နိုင်ပါ့မလား၊ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှု လုံးဝပြုလုပ်မှာမဟုတ်ဘူးလို့ ဆိုလာတဲ့ MNDAA ကြေညာချက်ဟာ မြန်မာ့အရေးမှာ တရုတ်ရဲ့ ပြောင်ပြောင်တင်းတင်း စွက်ဖက်မှုကို မီးမောင်း ထိုးပြလိုက်တာလား၊ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။

bottom of page