
The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၉
The Analyst
၂၂ မေ ၂၀၂၅
၁.၀၁ MB
၂၀၂၅ ခုနှစ်၊ မေလ ၁ - ၁၅ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ပြန်လည် လည်ပတ်နိုင်ရေး တရုတ်ထောက်ပံ့
မေလ ၃၁ ရက်အထိ ယာယီအပစ်ရပ် သက်တမ်းတိုး မည်ဟု စစ်ကောင်စီကြေညာ
သိမ်းပိုက်ထားသည့် မြို့ငါးမြို့ကို ပြန်ပေးရန် စစ်ကောင်စီ၏ တောင်းဆိုမှု TNLA ပယ်ချ
ဒီပဲယင်း၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် ဗုံးကြဲ၊ ၂၄ ဦး သေဆုံး
စသဖြင့် သတင်း ၂၂၁ ပုဒ်ကို ကိုးကားထားပါတယ်။ နိုင်ငံတကာနဲ့ အာဆီယံ အပါအဝင် ဘယ်သူကမှ ရပ်တန့်နိုင်ခြင်း မရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် ရင်တထိတ်ထိတ်နဲ့ ရှေ့ဆက်နေရတဲ့ ပြည်သူတွေရဲ့ ဘဝ၊ စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် စိုက်ထုတ်ထည့်ဝင်မှု ပိုမိုကြီးမားလာမှုနဲ့အတူ မြန်မာနိုင်ငံကို သိမ်းကြုံး ဝါးမြိုမယ့် ရှေ့ပြေးအရိပ်အယောင်တွေပြလာတဲ့ တရုတ်၊ မန္တလေးတိုင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန် စတဲ့မြို့နယ်တွေမှာ အညာမြေစစ်ဆင်ရေးအဖြစ် ခရိုင်အဆင့် ပူးပေါင်းစစ်ဆင်ရေး စတင်လိုက်တဲ့ PDF တွေ၊ စသဖြင့် အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
