
The Analyst သတင်းလွှာ အတွဲ ၅၊ အမှတ် ၆
The Analyst
၁၄ ဧပြီ ၂၀၂၆
၈၅၄ KB
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ - ၃၁ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -
တပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဆက်ခံ
ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ခန့်
NUG နှင့် ERO များ ပူးပေါင်း၍ SCEF ဖွဲ့စည်း
Local PDF များ ပူးပေါင်း၍ ပုဂံညောင်ဦး Local တပ်ပေါင်းစု ဖွဲ့
စသဖြင့် သတင်းပေါင်း ၂၃၆ ပုဒ်ကို ကိုးကားထားပါတယ်။ အာဏာခံတပ်ကို ပိုခိုင်မာစေဖို့ စစ်ဗိုလ်ချုပ်ကြီးတွေ ပြင်ဆင်ပြောင်းလဲနေချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို စုဖွဲ့လိုက်တဲ့ တော်လှန်ရေးအင်အားစုတွေ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုက ဘတ် ၉၈ သန်းတန် နေအိမ်တစ်လုံး ဝယ်ယူထားမှုကို ဖော်ထုတ်လိုက်တဲ့ Justice for Myanmar၊ နိုင်ငံကို ဆယ်စုနှစ် တစ်ခုမက အုပ်ချုပ်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ဆိုတဲ့ USDP က ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်း လွှတ်တော် အသီးသီးမှာ ပါတီဝင် စစ်တပ်အရာရှိဟောင်းတွေ နေရာယူထား။ အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
