The Analyst သတင်းလွှာ အတွဲ ၂၊ အမှတ် ၁၇
The Analyst
၂၀ စက်တင်ဘာ ၂၀၂၃
၁.၁ MB
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ - ၁၅ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
စစ်ကောင်စီ အနိုင်မရနိုင်ဟု အရှေ့တီမောသမ္မတပြော
စစ်ခေါင်းဆောင်က ၎င်း၏ လက်ရင်းတပည့် ဒုဗိုလ်ချုပ်ကြီးကို ဖမ်းဆီးစစ်ဆေး
တစ်ခုတည်းသော မဟာဗျူဟာအောက်တွင် ထိုးစစ်ဆင်နိုင်ရေး NUG ပြင်ဆင်
ဝိုင်းမော်တိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံး
စသဖြင့် သတင်းပေါင်း ၂၅၃ ပုဒ်ကို ကိုးကားထားပါတယ်။ တပ်ချုပ်ရာထူး ဆက်ခံမယ့်သူလို့ မှန်းဆထားကြတဲ့ လက်ရင်းတပည့်ကို အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးထားတာဟာ စစ်ခေါင်းဆောင်က သူ့ကို တုပြိုင်နိုင်သူကို အဂတိ အကြောင်းပြုပြီး ရှင်းထုတ်တာလား၊ ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ အထွေထွေ စီးပွားရေး အကျပ်အတည်းအတွက် လက်ရင်းတပည့်ကို ထိုးကျွေးတာလား၊ ဒါမှမဟုတ် အုပ်စုချင်း အားပြိုင်ချောက်ချတာလား၊ နေပြည်တော်ဇာတ်ခုံ နောက်ကွယ်က ရှုပ်ထွေးနေတဲ့ အခင်းအကျင်းတွေ၊ စတာတွေကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ်တစ်ကြိမ်ထုတ် သတင်းလွှာဖြစ်ပါတယ်။