
The Analyst သတင်းလွှာ အတွဲ ၅၊ အမှတ် ၁၁
The Analyst
၁ ဇူလိုင် ၂၀၂၆
၇၉၁ KB
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ - ၁၅ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -
တရုတ်ကြောင့် မြန်မာ့အရေး ကိုင်တွယ်ရခက်ဟု အမေရိကန်ဆို
NLD ဌာနချုပ်ရှိ ပါတီအမှတ်တံဆိပ်များကို စစ်အုပ်စု ဖယ်ရှား
အားလုံးပါမှ စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမည်ဟု KIO ပြော
ခါမ်းပါတ်မြို့ကို ပြန်သိမ်းရန် စစ်တပ်က ဖိအားပေး ထိုးစစ်ဆင်
စသဖြင့် သတင်းပေါင်း ၂၃၆ ပုဒ်ကို ကိုးကားထားပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အကျပ်အတည်းကို ကျော်လွန်ပြီး အခင်းအကျင်းသစ်တစ်ခုကို ဖော်ဆောင်နိုင်မယ့်သူဟာ ဘယ်သူဖြစ်မလဲ။ ဟန်ပြသက်သက် ဖြစ်နေတဲ့ အရပ်သား အုပ်ချုပ်မှု ယန္တရား နောက်ကွယ်က စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုကို ဘယ်လို ဖြေလျှော့ကြမလဲ။ ရှမ်းပြည်နယ်ထဲက ထိန်းချုပ် မြို့လေးမြို့ကနေ TNLA ပြန်လည်ဆုတ်ခွာမယ့်သတင်းဟာ အမှန်တကယ်ပဲလား။ အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
