
The Analyst သတင်းလွှာ အတွဲ ၅၊ အမှတ် ၁
The Analyst
၃၁ ဇန်နဝါရီ ၂၀၂၆
၉၉၈ KB
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ - ၁၅ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -
ICJ တွင် ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှုစွဲချက် စတင်ကြားနာ
ဧပြီလအတွင်း အစိုးရသစ်ဖွဲ့မည်ဟု စစ်ကော်မရှင် ပြောခွင့်ရ ဆို
NUCC ၌ ပူးပေါင်းပါဝင်မှုကို CRPH ယာယီရပ်ဆိုင်း
တောကျွဲအင်း အပါအဝင် စစ်စခန်း ၁၄ ခု ကို PDF များ တိုက်ခိုက်၊ စစ်တပ်ဘက်က ၅၀ ခန့် သေ
စသဖြင့် သတင်းပေါင်း ၂၄၅ ပုဒ်ကို ကိုးကားထားပါတယ်။ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မစ္စလာဇရိုရဲ့ သုံးရက်ကြာ မြန်မာခရီးစဉ်က ဘာတွေ အကျိုးထူးမလဲ၊ ရွေးကောက်ပွဲ အလွန်မှာ စစ်တပ်က KIA၊ AA နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ရေး ကြိုးပမ်းလာနိုင်မလား၊ ပုလဲနယ်မှာ နှစ်ဖက်တင်းမာမှုတိုးလာတဲ့ NUG နဲ့ BNRA တို့ အကြားက ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းကြမလဲ။ အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
