
The Analyst သတင်းလွှာ အတွဲ ၅၊ အမှတ် ၇
The Analyst
၃၀ ဧပြီ ၂၀၂၆
၇၇၄ KB
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ - ၁၅ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -
စစ်အုပ်စုအစိုးရကို အသိအမှတ်မပြုဟု ဂျပန်ဆို
NCA အတိုင်း ငြိမ်းချမ်းရေး ဆက်လုပ်မည်ဟု စစ်တပ် ဆို
၂၀၂၇ မကုန်မီ လက်စသိမ်း အောင်ပွဲခံသွားမည်ဟု AA ကြုံးဝါး
ဘားအံခရိုင်၊ ကြယ်ပျံကုန်းစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
စသဖြင့် သတင်းပေါင်း ၂၃၆ ပုဒ်ကို ကိုးကားထားပါတယ်။ ပြင်ပဖိအားနဲ့ ပြည်တွင်းစုစည်းမှုမှာ အကျပ်အတည်း ကြီးကြီးမားမား ကြုံတွေ့နေရတဲ့ နွေဦးတော်လှန်ရေးကို SCEF က ကျော်လွှားနိုင်ပါ့မလား၊ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ လူထုတွေ့ဆုံပွဲတွေ ခပ်စိပ်စိပ်လုပ်နေတဲ့ စစ်အုပ်စုရဲ့ ခြေလှမ်းအရွေ့ ဘယ်လိုရှိလေမလဲ၊ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်နဲ့ ရွေးတု အစိုးရသစ် ဖွဲ့စည်းမှုကို ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာပေးပို့လိုက်တဲ့ TNLA ရဲ့ လုပ်ရပ်ဟာ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှုရှိလာမလား။ အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
