
ပြည်တွင်းခေါင်းဆောင်တဲ့ ဖွံ့ဖြိုးရေးကို ဘယ်သူတွေ ချုပ်ကိုင်ထားသလဲ
Articles
၂၃ ဇူလိုင် ၂၀၂၆
၁၅၅ KB
မြန်မာ့အရပ်ဘက် အဖွဲ့အစည်းစင်တာရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဒီထုတ်ဝေမှုဟာ ပြည်တွင်းခေါင်းဆောင်တဲ့ ဖွံ့ဖြိုးရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရာမှာ စီမံအုပ်ချုပ်မှုအပေါ် လွှမ်းမိုးသက်ရောက်နေတဲ့ အချင်းအရာတွေ၊ ဆုံးဖြတ်လုပ်ကိုင်ခွင့် လွှဲပြောင်းအပ်နှင်းမှုတွေ၊ ကြားခံ အဖွဲ့အစည်းတွေရဲ့ တည်ဆောက်ပုံ၊ ရန်ပုံငွေ အရည်အသွေးစတာတွေအပေါ် ဆွေးနွေးသုံးသပ်ထားပါတယ်။ ရန်ပုံငွေစီးဆင်းရာတလျှောက် ဆုံးဖြတ်ချက် ချမှတ်ခွင့်၊ ရန်ပုံငွေ အရည်အသွေးနဲ့ အင်စတီကျူးရှင်းအလိုက် အခွင့်အလမ်းတွေကို မျှတအောင် ဖန်တီးမပေးနိုင်သရွေ့ တိုက်ရိုက်ရန်ပုံငွေတွေ တိုးပေးရုံနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေကို အားကောင်းစေမှာ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။ ဒီစာတမ်းမှာ ကြားခံအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အကဲဖြတ်သုံးသပ်၊ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပြီး၊ ပြည်တွင်းအဖွဲ့အစည်းတွေဆီ အရည်အသွေးရှိတဲ့ ရန်ပုံငွေတွေ ထိထိရောက်ရောက် ခရီးပေါက်စေနိုင်မယ့် စီမံကွပ်ကဲမှု မူဘောင်တစ်ရပ်ကို အကြံပြုထားပါတယ်။
