top of page

The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၁၄

The Analyst

၈ သြဂုတ် ၂၀၂၅

၁.၀၀ MB

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ - ၃၁ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -

  • စစ်ကောင်စီလေတပ်အတွက် ဗုံးများ ထုတ်ရန် တရုတ် ပံ့ပိုးပေးနေ

  • စစ်ကော်မရှင် ဖွဲ့၊ ရာထူးကြီးများ စစ်ခေါင်းဆောင် ဆက်ချုပ်ကိုင်ထား

  • မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ (မူကြမ်း) လွှတ်တော် တင်

  • မန္တလေး၊ သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ် ပြန်သိမ်း


စသဖြင့် သတင်းပေါင်း ၂၂၆ ပုဒ်ကို ကိုးကားထားပါတယ်။ နည်းပညာမြင့် ဒရုန်း၊ လေကြောင်း ဗုံးနဲ့ တပ်ဖွဲ့ဝင်အင်အား ကို ဆထက်တိုး အသုံးပြုနေတဲ့ စစ်ကောင်စီတပ်နဲ့ ဆန်စင်ရာ ကျည်ပွေ့လိုက်နေပြီး ဟန်ချက်ညီ စစ်ရေးလှိုင်း ဖော် ဆောင်ဖို့ ပျက်ကွက်နေတဲ့ တော်လှန်ရေးအင်အားစုတွေ၊ ၎င်းတို့ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာ မဲပေး မယ့်သူတွေ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ အမတ်လောင်းတွေကို နှောင့်ယှက်ပါက ထောင်ဒဏ် တစ်သက် အထိ ချနိုင်တဲ့ ဥပဒေသစ်ကို ပြဌာန်းလိုက်တဲ့ စစ်ကောင်စီ၊ နိုင်ငံတဝန်း သဘာဝဘေး၊ စစ်ဘေးနဲ့ စီးပွားရေး ကျပ်တည်းမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ ဆေးဝါးရှားပါးပြတ်တောက်မှု၊ စတဲ့ အထွေထွေအကျပ် အတည်းကို ရင်ဆိုင်နေ ရတဲ့ ပြည်သူလူထု။ စသဖြင့် အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။

bottom of page