top of page

နာမည်ခံ မိတ်ဖက်များ

Articles

၃ ဒီဇင်ဘာ ၂၀၂၅

၁၇၂ KB

ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေဟာ အာဏာသိမ်းမှုနောက်ပိုင်းမှာ ပါဝါမညီမျှမှုတွေ၊ သတင်းအချက်အလက် လစ်လပ်မှုတွေ၊ မိတ်ဖက်လက်တွဲမှု အဟန့်အတားတွေကို ကျော်လွှားနေကြရပါတယ်။ မြန်မာ့အရပ်ဘက် အဖွဲ့အစည်းစင်တာကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ဝေပြီး (အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့) “နာမည်ခံ မိတ်ဖက်များ - မြန်မာ့လူမှုအခင်းအကျင်းမှ ပါဝါနှင့် သိုသိပ်မှုများ” ဆောင်းပါးထဲမှာ လတ်တလော အခြေအနေတွေ၊ အရပ်ဘက်အဖွဲ့အစည်း ကျွမ်းကျင်သူတွေရဲ့အမြင်တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအချို့ရဲ့ လုပ်ရပ်ကောင်းအချို့ကို နမူနာဖော်ပြထားပါတယ်။ နိုင်ငံတကာ ကူညီပံ့ပိုးမှုစနစ်က ခေါင်းဆောင်မှု၊ ဆုံးဖြတ်ချက်ချမှတ်မှုနဲ့ အကောင်အထည်ဖော်မှုတွေအပေါ် ဘယ်လိုသက်ရောက်နေသလဲ၊ သိုသိပ်တဲ့ ဆုံးဖြတ်ချက် ချမှတ်ပုံတွေ၊ လိုသုံး မိတ်ဖက်လက်တွဲမှုတွေနဲ့ ကျဉ်းမြောင်းလာတဲ့ လူမှုအခင်းအကျင်းထဲမှာ အန္တရာယ်တွေ ဘာကြောင့်ရှိနေသလဲ၊ ပွင့်လင်းမြင်သာမှုနဲ့ ပြည်တွင်းဦးဆောင်တဲ့ ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်တွေဆီ ဦးတည်ဖို့ ဘာတွေလုပ်သင့်သလဲ ဆန်းစစ်ထားပါတယ်။ စစ်မှန်တဲ့ မိတ်ဖက်လက်တွဲမှုတွေကသာ ဖွံ့ဖြိုးရေးအတွက်ရော ဒီမိုကရေစီအတွက်ပါ အသက်သွေးကြောသဖွယ် အရေးကြီးကြောင်း ဆောင်းပါးက နှိုးဆော်ထားပါတယ်။

bottom of page