The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၃
The Analyst
၂၂ ဖေဖော်ဝါရီ ၂၀၂၄
၉၆၁ KB
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ - ၁၅ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
MFTB နှင့် MICB ကို ဩစတြေးလျအစိုးရ ပိတ်ဆို့အရေးယူ
ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ အသက်သွင်း
ယခုနှစ်တွင် စစ်အာဏာရှင် အမြစ်ဖြတ်ရေး ပြီးပြတ်မည်ဟု မြောက်ပိုင်းညီနောင်သုံးဖွဲ့ဆို
ရွှေပြည်အေးမြို့ကို PDF များ ပြန်လည်ထိန်းချုပ်
စသဖြင့် သတင်းပေါင်း ၂၄၇ ပုဒ်ကို ကိုးကားထားပါတယ်။ မြန်မာပဋိပက္ခတွေဟာ နှစ်နိုင်ငံလုံးအတွက် စိုးရိမ်စရာ ဖြစ်လာတယ်လို့ ပြောဆိုလိုက်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ၊ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းမှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်၊ စိုးမိုးနယ်မြေတချို့မှာ ဒေသခံတွေအပေါ် ခွဲခြားဆက်ဆံမှုရှိနေတဲ့ TNLA၊ PDF လူငယ်နှစ်ဦးကို သံကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ပျူစောထီးတွေ၊ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ်တစ်ကြိမ်ထုတ် သတင်းလွှာဖြစ်ပါတယ်။