
The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၂၄
The Analyst
၁၃ ဇန်နဝါရီ ၂၀၂၆
၈၃၇ KB
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ - ၃၁ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဗြိတိန် ကြိုးပမ်း
မြစ်ဆုံစီမံကိန်းကို စစ်အုပ်စု ပြန်လည်အကောင်အထည်ဖော်မည်
ရွေးကောက်ပွဲတွင် ပါဝင်သည့် ပါတီဝင်များကို NLD ထုတ်ပယ်
ကသာမြို့ကို တော်လှန်ရေးတပ်များ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲ
စသဖြင့် သတင်းပေါင်း ၂၃၉ ပုဒ်ကို ကိုးကားထားပါတယ်။ တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့အတူ အကျနှစ် ရောက်လာ တဲ့ တော်လှန်ရေးခရီး ၂၀၂၆ မှာ ဘယ်လိုရှိလေမလဲ၊ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ သဘောတူညီမှုကြောင့် ဖြစ်ပေါ်လာတယ်လို့ ဆိုလိုက်တဲ့ တရုတ်အထူးကိုယ်စားလှယ်၊ အထူးလျှို့ဝှက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို နိုင်ငံတကာက စိတ်ဝင်စားနေကြချိန်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း ထုတ်ဖော်ပြောဆိုလာတဲ့ စစ်ကော်မရှင်။ စသဖြင့် အဖြစ်အပျက် များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
