The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၁
The Analyst
၂၃ ဇန်နဝါရီ ၂၀၂၄
၀.၉၇ MB
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ - ၁၅ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူများကို အရေးယူပေးရန် တရုတ်တောင်းဆို
ကာကွယ်ရေးဦးစီးချုပ်(ရေ) အပါအဝင် ဝန်ကြီးနေရာအချို့ အပြောင်းအလဲလုပ်
၂၀၂၄ ခုနှစ်တွင် အပြီးသတ်အောင်ပွဲခံရန် ကြိုးပမ်းမည်ဟု NUG ကတိပြု
ဗိုလ်မှူးချုပ် ခြောက်ဦး အပါအဝင် ၂,၀၀၀ နီးပါး လက်နက်ချ
စသဖြင့် သတင်းပေါင်း ၂၅၅ ပုဒ်ကို ကိုးကားထားပါတယ်။ ဘေကျင်းနဲ့ စစ်ကောင်စီကြား ထိတွေ့ဆက်ဆံမှုရှိနေ ပေမယ့် အခြားတစ်ဖက်မှာ မကျေလည်တဲ့ အဖုအထစ်တွေရှိနေသလား၊ စစ်တပ် အာဏာကျဆင်းလာမှုနဲ့ နယ်မြေ လက်လွှတ်ရမှုတွေကို အတိအလင်းဝန်ခံလာတဲ့ စစ်ခေါင်းဆောင်၊ ယာယီအပစ်ရပ်ထားပေမယ့် စစ်အာဏာရှင် အမြစ်မပြတ်သရွေ့ ပြည်သူတစ်ရပ်လုံးနဲ့ တစ်သားတည်း ရှိနေမယ်လို့ ဆိုလိုက်တဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့၊ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ်တစ်ကြိမ်ထုတ် သတင်းလွှာဖြစ်ပါတယ်။