top of page

ဒီဂျစ်တယ် အာဏာရှင်၊ ဒီဂျစ်တယ် ခုခံကာကွယ်မှုစနစ်

အာဏာရှင်တွေက ဒီဂျစ်တယ် ဖိနှိပ်တင်းကျပ်မှုတွေ လုပ်လာတဲ့အခါ ဘယ်လို ရင်ဆိုင်တုံ့ပြန် ခုခံကာကွယ်ကြမလဲ။


robot fighting virus, defender fighting dictators

မြန်မာနိုင်ငံက အွန်လိုင်းဝယ်ယူရောင်းချမှုနဲ့ ဝန်ဆောင်မှုတွေကို ကန့်သတ်ကြောင်း ထုတ်ပြန်ချက်တစ်ခု မကြာခင်က ထွက်ရှိခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်က အွန်လိုင်းနဲ့ လူမှုကွန်ရက်တွေကို အသုံးပြုပြီး သက်မွေးဝမ်းကျောင်းနဲ့ စီးပွားရေး လုပ်ကိုင်နေသူ နိုင်ငံသားပြည်သူတွေကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။


ဇွန်လ ၇ ရက်နေ့မှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက မြန်မာစစ်အာဏာရှင်တွေဟာ အင်တာနက် အသုံးပြုခွင့် ကန့်သတ်ခြင်း၊ အင်တာနက် ဖြတ်တောက်ခြင်း၊ အွန်လိုင်းဆင်ဆာဖြတ်ခြင်း၊ စောင့်ကြည့် စစ်ဆေးခြင်းနဲ့ အင်တာနက်အသုံးပြုရာမှာ အခြားအတားအဆီးတွေဖန်တီးပြီး ဒီဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့အတွက် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဒီဂျစ်တယ်ဒီမိုကရေစီစနစ် ခိုင်မာစနစ်ကျအောင် ပြင်ဆင်တည်ဆောက်နေချိန်မှာ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံမှာတော့ ဒီဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်နေကြပါတယ်။


၂၀၂၁ ခုနှစ်၊ ဩဂုတ်လက စတင်ပြီး တိုင်းနဲ့ ပြည်နယ် ခုနစ်ခုက မြို့နယ် ၃၁ မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ခံရပြီး နောက်ထပ် ၂၃ မြို့နယ်ကတော့ အင်တာနက်အမြန်နှုန်း အတိုးအလျှော့ ပြုလုပ်ခံရတယ်လို့ ကုလကျွမ်းကျင်သူတွေက ပြောပါတယ်။


အင်တာနက်အသုံးပြုခွင့် ကန့်သတ်တာဟာ သတင်းထောက်တွေ၊ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူတွေနဲ့ လူသားချင်း စာနာမှုပေးရေး အဖွဲ့အစည်းတွေအတွက် အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုသက်သေ အထောက်အထားတွေ စုဆောင်းတင်ပြဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒီဂျစ်တယ်ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရလို့ပြောရမယ့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရယူခွင့်၊ ကိုယ်ရေးအချက်အလက် လုံခြုံခွင့်တို့လို နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေနဲ့ကာကွယ်ထားရမယ့် ရပိုင်ခွင့်တွေဟာ ဒီဂျစ်တယ် အာဏာရှင်စနစ်မှာတော့ မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။


ဒီဂျစ်တယ်အာဏာရှင်စနစ်ရှိရင် ဒီဂျစ်တယ်ခုခံကာကွယ်ရေးစနစ်ရှိမယ်


အာဏာရှင်စနစ်ရယ်လို့ ရှိလာရင် ဒီစနစ်ကို မကြိုက်တဲ့သူတွေကတော့ ခုခံကာကွယ်ကြမှာပဲ ဖြစ်ပါတယ်။ ဒီဂျစ်တယ် ခုခံကာကွယ်ရေးစနစ်အတွက် ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို ခုလို လေ့လာကြည့်နိုင်ပါတယ်။


ဘာတွေ လိုအပ်မလဲ

  • တစ်ဦးချင်း လုံခြုံရေး စီမံချက်

  • အဖွဲ့အစည်းလိုက် လုံခြုံရေး စီမံချက်


လုံခြုံရေးစီမံချက်တွေမှာ ဘာတွေ ပါဝင်မလဲ

  • သက်ဆိုင်ရာ ဆက်စပ်အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာခြင်း။

  • အန္တရာယ်ဖြစ်ဖွယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကို အကဲဖြတ် ခွဲခြမ်းစိတ်ဖြာခြင်း။

  • လုံခြုံရေးစီမံချက် ရေးဆွဲပြုစုခြင်း။

  • စီမံချက်ကို အကောင်အထည်ဖော်ခြင်းနဲ့ သုံးသပ်ခြင်း။


လက်တွေ့လိုက်နာကျင့်သုံးသင့်သော ဒီဂျစ်တယ်လုံခြုံရေးအလေ့အထများ

  • အားကောင်းတဲ့ စကားဝှက်တွေသုံးဖို့ နေ့ရွှေ့ညရွှေ့ လုပ်မနေပါနဲ့။

  • အွန်လိုင်းဆက်သွယ်ရေးကို လုံခြုံအောင် လုပ်ပါ။

  • လုံခြုံရေးကျိုးပေါက်သွားတဲ့ account တွေကို ပြန်လည်ဆယ်ယူပါ။

  • လူမှုကွန်ရက် မီဒီယာတွေ သုံးရာမှာ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ရဲ့အချက်အလက်တွေကို ကာကွယ်ထားပါ။

  • ပြင်ပခြိမ်းခြောက်မှုတွေကို ကာကွယ်ပြီးသားဖြစ်နေပါစေ။

  • အဖျက်အမှောင့် ဆော့ဝဲတွေရဲ့ ရန်ကလည်း ကာကွယ်ထားပါ။

  • Android၊ iOS၊ Windows၊ MacOS နဲ့ Linux စသဖြင့် ကိုယ်အသုံးပြုတဲ့စက်ကိရိယာရဲ့ လုပ်ဆောင်ပုံစနစ် (Operating System) အရ အကာအကွယ်တွေ ပြုလုပ်ထားပါ။

  • အသုံးပြုခွင့် ပိတ်ပင်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို အမည်ဖော်လို့မရစေဘဲ လျှို့ဝှက်ဝင်ရောက် ကြည့်ရှုပါ။

  • အထိခိုက်မခံတဲ့ သတင်းအချက်တွေကို ကာကွယ်ထားပါ။

  • အရန်သိမ်းဆည်းမှု ပုံမှန်ပြုလုပ်ပါ။ ဆုံးရှုံးသွားတဲ့ အချက်အလက်တွေကို အချိန်မီ ပြန်လည်ဆယ်ယူပါ။

  • အထိခိုက်မခံတဲ့ အချက်အလက်တွေကို တခြားသူတွေ တွေ့ရှိအသုံးပြုတာတွေက ကာကွယ်နိုင်ဖို့ ဖျက်ဆီးပစ်ပါ။


အသုံးဝင်တဲ့ ဝက်ဘ်ဆိုက်တွေ


လုံခြုံရေးစီမံချက်ရေးဆွဲဖို့


ဒီဂျစ်တယ်လုံခြုံရေး အလေ့အထကောင်းတွေ သိနားလည်ဖို့


ဒီဂျစ်တယ် ခုခံကာကွယ်ရေးစနစ်အတွက် ထည့်သွင်းစဉ်းစားစရာတွေနဲ့ လိုက်နာကျင့်သုံးစရာ အလေ့အထတွေကို အနှစ်ချုပ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။


ဒီဂျစ်တယ်လုံခြုံရေး သိမှတ်ဖွယ်ရာတွေ၊ လိုက်နာကျင့်သုံးဖွယ် အလေ့အထတွေအပြင် ဆန်းသစ်တီထွင်ပြီး ထိရောက် အကျိုးရှိတဲ့ ဒီဂျစ်တယ်လုပ်ငန်းခွင်ဖြစ်ဖို့ CENCS မှာလည်း သတင်းအချက်အလက်နဲ့ လမ်းညွှန်တွေကို စဉ်ဆက်မပြတ် ဖော်ပြပေးနေတာဖြစ်လို့ ပုံမှန်ဝင်ရောက်ဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

6 comentarios


Invitado
08 ago 2023

ဒီဂျစ်တယ်မှာတော့ Thumb Generation ကို စစ်အာဏာရှင်မှန်သမျှ နိုင်စရာကိုမရှိတာ။

Me gusta

Invitado
27 jul 2023

အခုလည်းကျော်ခွလှုပ်ရှားသုံးနေကြရတာပါလုံခြုံလားဆိုတော့နည်းနညးတော့စာတတ်ရတာပေါ့

Me gusta

Invitado
27 jul 2023

ဝါဝါမြင်တိုင်း ဟိုဖွင့်ကြည့်ချင်၊ ဒီဖွင့်ကြည့်ချင်လေးတွေ သတိထားနော်ညိုကီတို့

Me gusta

Invitado
27 jul 2023

ဒီဂျစ်တယ်အာဏာရှင်တော့ မဟုတ်ပါဘူးဗျာ ... ဒီကောင်တွေက အီးမေးလ်တောင်သိတာမဟုတ်ဘူး။ ဟီး......ဟီး...

Me gusta

Invitado
27 jul 2023

အမှုမဲ့အမှတ်မဲ့ဖြစ်နေတဲ့ အကြောင်းအရာတစ်ခုကို ပြန်လည်အသိပေးလိုက်လို့ ကျေးဇူးတင်ပါတယ်

Me gusta
bottom of page