ဧည့်ခန်း
ထွေရာလေးပါး
စာအုပ်စင်
စင်တာအကြောင်း
More
စင်တာနဲ့ပတ်သက်ပြီး စူးစမ်းလိုသူတွေ မေးလေ့ရှိကြတဲ့ မေးခွန်းတချို့ရှိပါတယ်။
အဲဒီမေးခွန်းတွေကို ဒီမှာ အရိုးသားဆုံး၊ အရှင်းလင်းဆုံး ဖြေဆိုထားပါတယ်။
အဖွဲ့အစည်းတစ်ခုတည်းပေါ်ရပ်တည်ပြီး ရှင်သန်နေတဲ့အဖွဲ့အစည်း မဟုတ်တဲ့အတွက် လွတ်လွတ်လပ်လပ် ရှိပါတယ်။
မလုပ်ပါဘူး။
နှစ်ပတ်တစ်ကြိမ်ထုတ်ဝေပြီး စစ်ရေး၊ နိုင်ငံရေး အရေးကြီး သတင်းအချက်အလက်တွေ စိစစ်ကောက်နုတ် စုစည်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ သတင်းလွှာတစ်စောင်ပါ။
သတင်းမီဒီယာတွေဟာ ကျယ်ပြန့်တဲ့အကြောင်းအရာတွေကို ကြိုးပမ်းတင်ဆက်ကြပါတယ်။ သတင်းလွှာတွေကတော့ လုပ်ငန်းနယ်ပယ်တစ်ခုမှာ အလုပ်များလွန်း၊ အချိန်သိပ်မရ ဖြစ်နေရင် ကိုယ့်အတွက် မျက်ခြေပြတ်မခံ သိဖို့လိုတဲ့ အကြောင်းအရာတွေကို လိုတိုရှင်းသိရှိနိုင်ဖို့ စုစည်းပေးတာပါ။ ဒီတော့မှ အဖြစ်အပျက်တွေကို မှန်ကန်တိကျမှုရှိရှိ၊ နက်နက်ရှိုင်းရှိုင်း နားလည်နိုင်မှာပါ။
ငွေကြေးကုန်ကျခံစရာ မလိုပါဘူး။ လူကြီးမင်းရဲ့ အီးမေးလ်ထဲကို နှစ်ပတ်တစ်ကြိမ် ပုံမှန်ပို့ပေးပါ့မယ်။ အီးမေးလ်လိပ်စာနဲ့ အချက်အလက်တချို့သာ ပေးထားပါ။
ရပါတယ်။ သတင်းလွှာထဲမှာ သတင်းအချက်အလက်ရဲ့ မူလရင်းမြစ်တွေကို စာဆုံးမှတ်စု (end note) တွေနဲ့ ဖော်ပြပေးထားလို့ ရည်ညွှန်းကိုးကားမှုအတွက် ယူငင်သုံးစွဲနိုင်ပါတယ်။ အဲသလို မှတ်စုမပါဝင်တဲ့ ခြုံငုံသုံးသပ်ချက်တွေကို ကိုးကားချင်ရင်လည်း သတင်းလွှာရဲ့ အမည်၊ ထုတ်ဝေရက်၊ စာမျက်နှာ၊ ကဏ္ဍစသဖြင့် ဖော်ပြပြီး ဆန္ဒရှိသလို ရည်ညွှန်းနိုင်ပါတယ်။
ရပါတယ်။ ဝေဖန်အကြံပေးချင်တာတွေကို အမြဲကြိုဆိုနေတာဖြစ်လို့ contact@cencs.org ဆီကို အီးမေးလ် ပေးပို့လိုက်ပါ။