top of page

ပြည်တွင်းဆိုတာ ဘယ်သူတွေလဲ

Articles

၂၁ ဧပြီ ၂၀၂၆

၁၄၇ KB

မြန်မာ့အရပ်ဘက် အဖွဲ့အစည်းစင်တာက တင်ဆက်တဲ့ “Who Counts as Local? Participation Without Influence in Myanmar’s Localisation Agenda” (ပြည်တွင်းဆိုတာ ဘယ်သူတွေလဲ - မြန်မာနိုင်ငံ၏ ပြည်တွင်း ဦးစီးဦးဆောင်ရေး ကြိုးပမ်းမှု၌ ဩဇာမရှိဘဲ ပါဝင်ကြရခြင်း) အတွေးအမြင်စာတမ်းမှာ “ပြည်တွင်း ဦးစီးဦးဆောင်ရေး (localisation) အာဂျင်ဒါ”ရဲ့ ကတိကဝတ်နဲ့ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ လက်တွေ့ အခန်းကဏ္ဍကို ဆွေးနွေးသုံးသပ်ထားပါတယ်။ ဒီစာတမ်းမှာ “ပြည်တွင်းလုပ်ဆောင်သူတွေ”ကို ဘယ်လိုဖွင့်ဆိုသတ်မှတ်သလဲ။ ရန်ပုံငွေ စီးဆင်းမှု၊ သတ်မှတ်ချက်ကိုက်ညီမှု၊ သတင်းအချက်အလက် အကန့်အသတ်တွေကြောင့် ဆက်ဆံရေးတွေ ဘယ်လို မမျှတဖြစ်လာသလဲဆိုတာတွေကို ထောက်ပြထားပါတယ်။ ပြည်တွင်းဦးစီးဦးဆောင်ရေးကိစ္စဟာ မြေပြင်မှာ တကယ့်ပြောင်းလဲတိုးတက်မှုနည်းပြီး၊ လုပ်ထုံးလုပ်နည်းအရ ဝတ်ကျေတမ်းကျေသဘောဆောင်နေတာကို ကျော်လွှားနိုင်ဖို့နဲ့ ပြည်တွင်းအဖွဲ့တွေ အဓိပ္ပာယ်ရှိရှိ ဩဇာလွှမ်းမိုးနိုင်စေဖို့ နိုင်ငံတကာ အလှူရှင်တွေနဲ့ ကြားခံအဖွဲ့အစည်းတွေ ထည့်သွင်းစဉ်းစားသင့်တဲ့ လက်တွေ့ကျတဲ့ အချက်တချို့ကို အကြံပြုတင်ပြထားပါတယ်။

bottom of page