
The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၁၆
The Analyst
၁၀ စက်တင်ဘာ ၂၀၂၅
၉၉၃ KB
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၆ - ၃၁ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -
မြေရှားသတ္တု တူးဖော်ရေးအတွက် အိန္ဒိယက စစ်ကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေး
အမျိုးသမီးစစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်
စစ်အုပ်စုကို အပြတ်ချေမှုန်းရန် NUG တပ်မှူးကြီးများ အစည်းအဝေး ကျင်းပ
မော်ချီးမိုင်းကို စစ်တပ်က ဗုံးကြဲ၊ အရပ်သား ၃၂ ဦး သေဆုံး
စသဖြင့် သတင်းပေါင်း ၂၃၄ ပုဒ်ကို ကိုးကားထားပါတယ်။ ပြိုလဲကျလုနီးကာမှ တန်ပြန်မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီး ဆုံးရှုံးနယ်မြေတချို့ကို ပြန်လည်သိမ်းပိုက်လာနေတဲ့ စစ်ကော်မရှင်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ ဖမ်းဆီးကြိုးပေးခံရခြင်းဟာ တယ်လီဖုန်းသုံးစွဲမှုဆိုင်ရာ အချက်အလက်တွေကို စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့မှုနဲ့ ဆက်စပ်နေတယ်လို့ စွပ်စွဲခံနေရတဲ့ တယ်လီနော(မြန်မာ)၊ နိုင်ငံရေးခေါင်းဆောင်မှုအားကောင်းတဲ့ ကောင်စီနဲ့ အစိုးရတစ်ရပ်အဖြစ် အမြန်ဆုံး ပြောင်းလဲပြင်ဆင်ဖို့ တိုက်တွန်းခံနေရတဲ့ NUCC နဲ့ NUG။ စသဖြင့် အဖြစ်အပျက် များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
