
The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၂၄
The Analyst
၉ ဇန်နဝါရီ ၂၀၂၅
၀.၉၈ MB
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ - ၃၁ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် နိုင်ငံတကာ ခေါင်းဆောင်များ တောင်းဆို
ဧရာဝတီတိုင်းတွင် စစ်ရေး၊ လုံခြုံရေး အထူးပြင်ဆင်ထားရန် ဒုတပ်ချုပ် သတိပေး
စစ်အာဏာရှင်အဆုံးသတ်ရေး AA နှင့် လက်တွဲပူးပေါင်းမည်ဟု NUG ယာယီသမ္မတ ပြော
စစ်ကိုင်းတိုင်း၌ MDY-PDF က စစ်ရေးအရှိန် မြှင့်တင်မည်
စသဖြင့် သတင်း ၂၂၈ ပုဒ်ကို ကိုးကားထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ လက်နက်ချနေပြီး တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်နေရချိန်မှာ ထိပ်တန်း စစ်ဘက်ရာထူးတချို့ကို ထပ်မံ အပြောင်းအလဲပြုလုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်၊ AA ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်စခန်းတွေ လက်လွှတ်ကျဆုံးနေချိန်မှာ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းမယ်လို့ ထုတ်ပြန်ကြေညာလိုက်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ စီးပွားရေးကျပ်တည်းမှုကို ကြုံတွေ့ နေရပြီး တရားဥပဒေစိုးမိုးမှု မရှိသလောက် အားနည်းနေချိန်မှာ နေရာအနှံ့ တိုးပွားလာနေတဲ့ ရာဇဝတ်မှုတွေ။ စသဖြင့် အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
