top of page

The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၂၃

The Analyst

၂၇ ဒီဇင်ဘာ ၂၀၂၅

၈၂၀ KB

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ - ၁၅ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -

  • မြန်မာကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလ ဆက်အတည်ပြု

  • ရွေးကောက်ပွဲအလွန် နိုင်ငံရေးတွင် စစ်တပ်ဆက်ပါနေဦးမည်ဟု စစ်ခေါင်းဆောင်ပြော

  • လူဟောင်းများ အခြေပြု၍ NUG ကို ပြောင်းလဲဖွဲ့စည်း

  • မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ကို စစ်တပ် ပြန်လည်ထိန်းချုပ်


စသဖြင့် သတင်းပေါင်း ၂၃၉ ပုဒ်ကို ကိုးကားထားပါတယ်။ နွေဦးတော်လှန်ရေး တပ်ပေါင်းစုကို ပြည်သူအများ မျှော်လင့်နေကြချိန်မှာ ရုတ်တရက် ပေါ်ပေါက်လာသတဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA)၊ စစ်အုပ်စုဆီကို နိုင်ငံတကာဘဏ္ဍာငွေတွေ မရောက်ရှိစေဖို့အတွက် “မြန်မာအတွက်ရန်ပုံငွေသစ်မပေးရေး ဥပဒေ ကြမ်း” ကို တင်သွင်းလိုက်တဲ့ အမေရိကန်အောက်လွှတ်တော်၊ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို စစ်တပ်ထံ ပြန်ပေး လိုက်ရခြင်းအတွက် ပေးဆပ်နစ်နာသူတွေကို အနူးအညွတ် တောင်းပန်လိုက်တဲ့ TNLA။ စသဖြင့် အဖြစ်အပျက် များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။

bottom of page