The Analyst သတင်းလွှာ အတွဲ ၂၊ အမှတ် ၇
The Analyst
၂၀ ဧပြီ ၂၀၂၃
၆၅၃ KB
စစ်အုပ်စု လက်ချက်ကြောင့် နွေဦးမှာ ပထမဆုံးကျဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ကနေ ပဇီကြီးဖြစ်စဉ်အထိ မရေတွက်နိုင်တဲ့ ကြေညာချက်တွေ၊ ကန့်ကွက် ရှုတ်ချမှုတွေက မြန်မာပြည်သူတွေရဲ့ ဖြေမဆည်နိုင်မှုကို ရပ်တန့်မပေးနိုင်ခဲ့ပါ။ စစ်အုပ်စုရဲ့ တရားလက်လွတ် ရမ်းကားမှုတွေ ဒီအတိုင်းပဲ ရှိနေလေဦးမလား။
အမေရိကန်အပါအဝင် နိုင်ငံတကာက ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့ "မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်" ဆိုတဲ့ ရပ်ခံမှု အတိမ်အနက်ကို ပဇီကြီးမှာ သေကြေခဲ့တဲ့ အသက်ပေါင်းများစွာက လှစ်ဟပြလိုက်တာလား။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံကြီးရဲ့ စိုးရိမ်မှုတွေ၊ ကန့်ကွက်ရှုတ်ချမှုတွေက အသက်ဆုံး၊ ဘ၀ဆုံး ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေကို စော်ကားသလို ဖြစ်နေမလား။ မြန်မာ့အရေး စာရွက်တွေ၊ ကြေညာချက်တွေလောက်နဲ့ အဆုံးသတ်ပြုနေတဲ့ နိုင်ငံတကာကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ NUG နိုင်/ဝန်။ တော်လှန်ရေးအင်အားစုတွေရဲ့ အားကောင်းတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ၊ UWSA ရဲ့ တပ်လှုပ်၊ တပ်တည်အခြေအနေတွေ တခွင်လုံးမြင်မျှော် နိုင်မယ့် သတင်းအချက်အလက်တွေနဲ့အတူ ကိုးကားသတင်း ၂၃၄ ပုဒ် ၊ စာမျက်နှာ ၂၁ မျက်နှာပါဝင်တဲ့ သတင်းလွှာ ဖြစ်ပါတယ်။