
The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၂၁
The Analyst
၂၂ နိုဝင်ဘာ ၂၀၂၄
၁.၀၈ MB
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ - ၁၅ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
နယ်စပ်ဂိတ်များပိတ်၍ မြောက်ပိုင်းအဖွဲ့များကို တရုတ် ဖိအားပေး
စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ် အောင်မြင်ဟု စစ်ကောင်စီပြော
မြေပြန့်ထိုးစစ် စတင်နေပြီဖြစ်၍ ပူးပေါင်းကြရန် NUG တိုက်တွန်း
လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၁၁ ဦး သေဆုံး
စသဖြင့် သတင်း ၂၃၁ ပုဒ်ကို ကိုးကားထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ မြန်မာ့အရေး ချဉ်းကပ်ပုံ သိသိသာသာ ပြောင်းလဲလာပြီး စစ်ကောင်စီဘက်သို့ ရပ်တည်လာတဲ့ တရုတ်နိုင်ငံ၊ လေကြောင်း အားပြုတိုက်ခိုက်မှု၊ တပ်သားသစ် အဓမ္မ စုဆောင်းမှုတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီ၊ မြန်မာ့နိုင်ငံရေးမှာ အနောက်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့ တရုတ်ရဲ့ ယုံကြည်ချက်ကို မချေဖျက်နိုင်သေးတဲ့ NUG နဲ့ ဒီမိုကရေစီမဟာမိတ်များ။ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။