The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၆
The Analyst
၁၀ ဧပြီ ၂၀၂၄
၉၆၆ KB
၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ - ၃၁ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
မြန်မာ့ဒီမိုကရေစီအရေး ဒေါ်လာ ၁၂၁ သန်း ကန် ကူညီမည်
ရခိုင်၊ မွန် နှင့် ကရင် အခြေစိုက် စစ်တိုင်းမှူးများကို ရာထူးဖယ်ရှား
စစ်မှုထမ်းသစ်များဖြင့် ဆုံးရှုံး နယ်မြေများ ပြန်ယူမည်ဟု စစ်ကောင်စီဆို
သုံးလအတွင်း စစ်တပ်စခန်း ၄၀ ကျော်ကို KIA သိမ်းယူ
စသဖြင့် သတင်းအပုဒ် ၂၄၀ ကို ကိုးကားထားပါတယ်။ နိုင်ငံသားကောင်း လူငယ်လူရွယ်တွေကို စစ်မှုထမ်းဥပဒေနဲ့ စတေးပြီး အသက်ငင်နေတဲ့ အာဏာကို ဆွဲဆန့်ဖို့ ကြိုးစားနေတဲ့ စစ်ခေါင်းဆောင်ရဲ့ တစ်ကိုယ်ကောင်း လုပ်ရပ်၊ စစ်မှုထမ်းသစ်တွေနဲ့ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်မယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ကြွေးကြော်ချက်ဟာ ဖြစ်နိုင်ပါ့မလား၊ အကြားအလပ်မရှိ ကျင်းပမယ်လို့ အရင်က ကြွေးကြော်ခဲ့ပေမယ့် အခုအခါမှာတော့ စစ်တပ်ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေမှာပဲ လုပ်တော့မယ်လို့ လေသံပြောင်းလာတဲ့ ရွေးကောက်ပွဲအခြေအနေ၊ နယ်မြေတွေ တစ်ခုပြီးတစ်ခု လက်လွှတ်နေရတဲ့ ရခိုင်စစ်မျက်နှာမှာ ရိုဟင်ဂျာတွေကို အသုံးချဖို့ ကြံစည်နေတဲ့ စစ်ကောင်စီ၊ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာဖြစ်ပါတယ်။