top of page

The Analyst သတင်းလွှာ အတွဲ ၅၊ အမှတ် ၁၀

The Analyst

၁၉ ဇွန် ၂၀၂၆

၉၈၈ KB

၂၀၂၆ ခုနှစ်၊ မေလ ၁၆ - ၃၁ ရက်အတွင်း အဖြစ်အပျက်များစွာထဲမှာ -

  • မြန်မာ့အရေး ငြိမ်းချမ်းရေး သံတမန်ခန့်ရန် တီမော အ ကြံပြု

  • ငါးနှစ်အတွင်း ငြိမ်းချမ်းရေး ရအောင်လုပ်မည်ဟု စစ်အုပ်စု ပြော

  • ကျောင်းသားတော်လှန်ရေးတပ် ပကဖ အဖြစ် ပြောင်းလဲရပ်တည်

  • ရေးဘီလူးစခန်းကို စစ်တပ်ဗုံးကြဲ၊ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး


စသဖြင့် သတင်းပေါင်း ၂၂၂ ပုဒ်ကို ကိုးကားထားပါတယ်။ အိမ်နီးချင်း အင်အားကြီး တရုတ်နဲ့ အိန္ဒိယရဲ့ အသိအမှတ် ပြုမှုကို အကြောင်းပြုပြီး နိုင်ငံတကာသံတမန်ရေး မျက်နှာစာ အလှည့်အပြောင်းကို စစ်အုပ်စု ဖန်တီးနိုင်မလား။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး လက်တွေ့ကျတဲ့ စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ အရေးတကြီး လိုအပ်နေတဲ့ NUG အစိုးရ။ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကြားမှာ ဘက်ပေါင်းစုံ လုံခြုံမှုကင်းမဲ့နေတဲ့ မြန်မာပြည်သူတွေရဲ့ လူမှုစီးပွားဘဝ အထွေထွေ။ အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။

bottom of page