top of page

The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၁၅

The Analyst

၂၁ သြဂုတ် ၂၀၂၄

၁.၁၁ MB

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ - ၁၅ အတွင်း အဖြစ်အပျက်များစွာထဲမှာ -

  • တရုတ်၏ မူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူဟု ဝမ်ယိ ဆို

  • စစ်ကောင်စီကို စစ်ကူပေးရန် ကြံ့ခိုင်ရေး ပါတီက ရုရှားထံ တောင်းဆို

  • မန္တလေးတိုင်း၊ တကောင်းမြို့ကို PDF များ သိမ်းပိုက်

  • တိုင်းမှူးဟောင်းနှင့်  ဗိုလ်မှူးချုပ် နှစ်ဦးကို MNDAA ဖမ်းမိ


စသဖြင့် သတင်းပေါင်း ၂၆၁ ပုဒ်ကို ကိုးကားထားပါတယ်။ တရုတ်နိုင်ငံကို အမည်ဖျက်အပုပ်ချတဲ့ ပြောဆို လုပ်ဆောင်မှုတိုင်းကို ဆန့်ကျင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီကို သတိပေးလိုက်ပြီးနောက် ဆက်လက်စောင့်ကြည့်ဖွယ် ဖြစ်လာတဲ့ နေပြည်‌တော်-ပီကင်း ဆက်ဆံရေး၊ တော်လှန်ရေးအစုအဖွဲ့တွေကြားမှာ ထိန်းချုပ်နယ်မြေ အပြိုင်လုတဲ့ လုပ်ရပ်မျိုးနဲ့ လူမျိုးစုအချင်းချင်း သွေးထွက်သံယိုဖြစ်စေမယ့် တိုက်ပွဲဖော်ဆောင်မှု တွေကို ရှောင်ရှားဆောင်ရွက်နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ KIO၊ ကုန်စျေးနှုန်း ကြီးမြင့်မှုကို ကျောကော့ အောင် ခံစားနေရတဲ့အပြင် စားသုံးဆီနဲ့ စက်သုံးဆီ ဝယ်ယူခွင့်ရဖို့ တန်းစီရင်း အချိန်ကုန်နေရတဲ့ မြန်မာလူထု။ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။

bottom of page