The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၁၁
The Analyst
၂၅ ဇွန် ၂၀၂၄
၁.၁၂ MB
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ - ၁၅ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
မြန်မာတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရုရှား အတည်ပြု
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ဆို
သူရဦးတင်ဦး၏ ဈာပနသို့ သမ္မတ ဦးဝင်းမြင့်၏ဇနီး တက်ရောက်
စစ်တွေ၊ ဗျိုင်းဖြူရွာ၌ စစ်တပ်၏ သတ်ဖြတ်ခံရသူ ၇၆ ဦး ရှိလာ
စသဖြင့် သတင်းပေါင်း ၂၃၈ ပုဒ်ကို ကိုးကားထားပါတယ်။ စစ်ကိုင်း၊ မကွေးနဲ့ မြေပြန့်ဒေသတွေမှာ မဟာဗျူဟာထိုးစစ် စတင်တော့မယ့် NUG ရဲ့ အညာထိုးစစ်ဟာ စစ်ကောင်စီကို အရှိုက်ထိုးနိုင်မလား၊ စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေတဲ့ ဒေသအသီးသီးက ပြည်သူတွေကို “သားရေးပေါ်အိပ် သားရေ နားစား” ရိုင်းစိုင်းယုတ်မာတဲ့ အကြမ်း ဖက်သမားတွေလို့ ရုန့်ရင်း ကြမ်းတမ်းစွာ စွပ်စွဲပြောဆိုလိုက်တဲ့ စစ်ခေါင်းဆောင်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆက်ဆံရာမှာ မိတ်ဖက်ဆက်ဆံရေးကို ကျော်လွန်ပြီး မဟာမိတ် ဆက်ဆံရေး စုဖွဲ့တည်ဆောက်ဖို့ သတိပေးလိုက်တဲ့ NUG ယာယီသမ္မတ၊ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ်တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။