The Analyst သတင်းလွှာ အတွဲ ၂၊ အမှတ် ၉
The Analyst
၂၀ မေ ၂၀၂၃
၇၇၂ KB
တရုတ် - မြန်မာ ဆက်ဆံရေးမှာ အဓိက အကျိုးတော်ဆောင်ကြီးလို့ ဘေကျင်းရဲ့ ထောပနာပြုမှုနဲ့အတူ ခြောက်လုံးတန်းက ၂၀၀၈ ခြေ / ဥ ဖန်ဆင်းရှင်ကြီး ပြန်ပေါ်။ နှစ်နိုင်ငံ အေးအတူ ပူအမျှ လို့ ဘေကျင်းက ဆိုပေမယ့် စစ်အုပ်စုနဲ့ အပေးအယူ က ဘာတွေဖြစ်မလဲ။
မြန်မာ့အရေး ဘေကျင်းခြေလှမ်း မှာ တစ်လွှာချင်းစီက တညီတညာ အသံတိတ်နေမှုနဲ့ NUG ချိန်ချိန်ဆဆ တုံ့ပြန်မှု နောက်ခံအကြောင်းတရားတွေ ရှိလေလို့လား။ လှိုင်းထန်ရေဆန်ခရီးကြမ်းမှာ ဆက်ချီနေတဲ့ နှစ်နှစ်ပြည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဘူးလေးရာ ဖရုံဆင့်လိုက်တဲ့ မိုခါ။
ပိုကြီးလာလေမလား တရုတ်ဆန့်ကျင်ရေးမီးနဲ့ ဘေကျင်းမူဝါဒအရွေ့ ဘယ်သူတွေအတွက် အခက်၊ ဘယ်သူတွေအတွက် အချက်လဲ။ မသဲကွဲတဲ့ မြင်ကွင်းတွေမှာ သဲသဲကွဲကွဲ ရှုမျှော်ကြည့်နိုင်ဖို့ သတင်းအချက်အလက်တွေနဲ့အတူ ကိုးကားသတင်း ၂၃၄ ပုဒ် ၊ စာမျက်နှာ ၂၁ မျက်နှာ၊ ပါဝင်တဲ့ သတင်းလွှာ ဖြစ်ပါတယ်။