
The Analyst သတင်းလွှာ အတွဲ ၄၊ အမှတ် ၇
The Analyst
၂၃ ဧပြီ ၂၀၂၅
၁.၁၆ MB
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ - ၁၅ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ရန် ကုလ တောင်းဆို
သုံးပတ်ကြာ အပစ်အခတ်ရပ်စဲမည် ဟု စစ်ကောင်စီ ကြေညာ
တရုတ်ဖိအားကြောင့် လားရှိုးမြို့မှ MNDAA တပ်ဆုတ်ရ
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို KIA/PDF ပူးပေါင်းတပ် သိမ်းပိုက်
စသဖြင့် သတင်း ၂၃၇ ပုဒ်ကို ကိုးကားထားပါတယ်။ ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို ကူ တာလား၊ လဲပြိုလု မတတ်ဖြစ်နေတဲ့ စစ်ကောင်စီကို ထူ တာလား ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ နိုင်ငံတကာရဲ့ အကူအညီတွေ၊ ငလျင်ကြောင့် လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမှာမဟုတ်ဘူးလို့ ဆိုလာတဲ့ စစ်ခေါင်း ဆောင်၊ ယာယီအပစ်ရပ် ကြေညာထားပေမယ့် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေအတွက် နိုင်ငံတကာ စောင့်ကြည့်ရေး ယန္တရားတစ်ခု ထူထောင်ဖို့ တိုက်တွန်းလိုက်တဲ့ NUG။ စသဖြင့် အဖြစ်အပျက်များစွာကို ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။
