The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၁၃
The Analyst
၂၆ ဇူလိုင် ၂၀၂၄
၁.၀၇ MB
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ - ၁၅ အတွင်း အဖြစ်အပျက်များစွာထဲမှာ -
စစ်ခေါင်းဆောင် အာဏာစွန့်ဖို့ ဖျောင်းဖျရန် သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်တိုက်တွန်း
ထွက်စာတင်သည့် ကာ/ချုပ် (ရေ)၊ ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကို စစ်ကောင်စီ ဖမ်းဆီး
မန္တလေးတိုင်း၌ ကြားကာလ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်ရန် ကော်မတီ ဖွဲ့စည်း
ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်ကို AA အပြီးသတ် သိမ်းပိုက်
စသဖြင့် သတင်းပေါင်း ၂၃၄ ပုဒ်ကို ကိုးကားထားပါတယ်။ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပြည်မကို မြားဦးလှည့်လာတဲ့ ရှမ်း-မန်းစစ်ဆင်ရေးဟာ စစ်အုပ်စု ဘုံးဘုံးလဲစေမယ့် အလှည့်အပြောင်း ဖြစ်လာနိုင်မလား၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေရာမှာ လူလဲကစားဖို့ ထုတ်ဖော်ပြောဆိုကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ တရုတ်ရဲ့ ခြေလှမ်းတွေက ဘယ်ကို ရွှေ့လေမလဲ၊ ရွှေ၊ ဆန်၊ ဘဏ် နယ်ပယ်အလိုက် တာဝန်ရှိသူတွေကို ဖမ်းဆီးပြီး လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ယူဆထားပုံရတဲ့ စစ်ကောင်စီ၊ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။