top of page

၂၀၂၆ မှာ ကူညီပံ့ပိုးရေး မူဝါဒတွေကို ဘာတွေက ပုံဖော်မလဲ

Articles

၃၀ မတ် ၂၀၂၆

၅၇၆ KB

မြန်မာ့အရပ်ဘက် အဖွဲ့အစည်းစင်တာကနေ ဘာသာပြန်ဆိုမျှဝေထားတဲ့ “၂၀၂၆ မှာ ကူညီပံ့ပိုးရေး မူဝါဒတွေကို ဘာတွေက ပုံဖော်မလဲ” ဆောင်းပါးထဲမှာ နိုင်ငံတကာ ကူညီပံ့ပိုးရေးနယ်ပယ်မှာ ကြုံတွေ့ရနိုင်တဲ့ အပြောင်းအလဲနဲ့ ကသောင်းကနင်းတွေကို ဖြစ်စေနိုင်တဲ့ ရေစီးကြောင်းခြောက်ခုကို ဖော်ပြထားပါတယ်။ ရန်ပုံငွေတွေ ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲ၊ နည်းပညာနဲ့ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မိတ်ဖက်လုပ်ကြမလား၊ ဒရုန်းတွေ၊ ထောက်လှမ်းရေးတွေနဲ့ ဩဇာလွှမ်းမိုးမှုတွေကြောင့် ဘယ်လို ဘေးကြုံရနိုင်သလဲ၊ ရာသီဥတု ပြောင်းလဲလာမှု တရားမျှတရေးမှာ ဥပဒေကြောင်းနဲ့ အင်စတီကျူးရှင်းတွေအရ အလားအလာကောင်းတွေ ဘယ်လိုရှိနေသလဲ၊ စုပေါင်းထည့်ဝင်ရန်ပုံငွေတွေဟာ ရေတိုဖြေရှင်းမှု ဖြစ်ရဲ့လား၊ လက်လွှဲလက်ပြောင်းလုပ်ရာမှာ လူသားချင်းစာနာရေး လုပ်ဆောင်သူတွေက ဘယ်လို ခွဲခွာရမယ်ဆိုတာ သိကြရဲ့လား ဆိုတဲ့ ကိစ္စရပ်တွေကို အလားအလာ ခန့်မှန်းတွက်ဆမှုတွေနဲ့အတူ ဆွေးနွေးဖော်ပြထားပါတယ်။ နိုင်ငံတကာ ကူညီပံ့ပိုးမှုစနစ်ရဲ့ စပ်ကူးမပ်ကူးကာလအတွင်း ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေမှာ တာဝန်ကိုယ်စီ ထမ်းနေကြသူတွေအဖို့ ဆောင်ရွက်နေဆဲ ရပ်ရွာလူထု အကျိုးပြုရေး၊ အဖွဲ့အစည်းရန်ပုံငွေနဲ့ ဖွံ့ဖြိုးရေး၊ မိတ်ဖက်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတွေအပေါ် သက်ရောက်နိုင်ပုံတွေကို စဉ်းစား၊ ဆင်ခြင်၊ ငြင်းခုံ၊ ပြင်ဆင်ထားနိုင်ဖို့ ရည်ရွယ်မျှဝေပါတယ်။

bottom of page