ဝက်ဘ်ဆိုက်မိတ်ဆက်
ဒီစင်တာဝက်ဘ်ဆိုက်က လူကြီးမင်းအတွက် အဆင်ပြေချောမွေ့တဲ့ ဖတ်ရှုအသုံးပြုမှု အတွေ့အကြုံပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ အကြောင်းအရာတင်ဆက်မှု အသစ်တွေနဲ့ ထိထိရောက်ရောက် ပါဝင်နိုင်မယ့် အခင်းအကျင်းတွေကို အစဉ်သဖြင့် တိုးချဲ့သွားမှာလည်း ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ခုလက်ငင ်း ရရှိနိုင်မယ့် ဆောင်ရွက်ချက်တွေကို မြန်မြန်သိရအောင် မိတ်ဆက်ပေးပါရစေ။
ထွေရာလေးပါး
ပြောင်းလဲနေတဲ့အခြေအနေတွေမှာ နိုးကြားတဲ့ နိုင်ငံသားတွေနဲ့ အစုအဖွဲ့တွေ ရှင်သန်ရပ်တည်နိုင်မှုနဲ့ ထိရောက်မှုမြင့်မားရေး အဖြေရှာနိုင်ဖို့၊ သင်ခန်းစာယူစရာနဲ့ အတုယူစရာ ဖြစ်ရပ်တွေကို သိရှိနိုင်ဖို့၊ လွယ်လင့်တကူသုံးနိုင်တဲ့ နည်းလမ်းတွေကို လေ့လာနိုင်ဖို့အပြင် ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေ၊ တခြား မျှဝေစရာတွေကိုပါ ဒီကဏ္ဍမှာ ဖော်ပြသွားမှာပါ။
နိုးကြားတဲ့နိုင်ငံသားတွေနဲ့ အစုအဖွဲ့တွေရဲ့ စွမ်းပကားကို မြှင့်တင်တာ၊ ညီညီညွတ်ညွတ်နဲ့ အကျိုးရလဒ်ကောင်းတွေ ဖော်ဆောင်တာ၊ အခင်း အကျင်းကောင်းတွေ ဖန်တီးတာဟာ စင်တာရဲ့ မဟာဗျူဟာ အပိုင်းကြီးတွေဖြစ်ပါတယ်။ လက်ရှိမှာ ဒီဝက်ဘ်ဆိုက်ကို စွမ်းပကားမြှင့်တင်ရေးအတွက် လေ့လာမှု ပလက်ဖောင်းရဲ့ ကနဦးအဆင့်အဖြစ် ပုံဖော်ဖန်တီးထားပါတယ်။
မကြာမီ လာမည် ... မျှော် - ကျန်အပိုင်းတွေအတွက် တိုးချဲ့မွမ်းမံမှုတွေ ဆက်လက်ပြင်ဆင်လျက်ရှိပါတယ်။